Scholarship Opportunities & Studying Abroad


February 3, 2019

Scholarship Opportunities & Studying Abroad

Date: February 3, 2019 1:00 pm - 3:00 pm

”ပညာတော်သင်လျှေက်ထားရန် အခွင့်အလမ်းများ နှင့် နိုင်ငံတကာတွင်ပညာ သင်ကြားရန်ပြင်ဆင်မှူ”

Seminar တက်ရောက်လာသူများထဲမှ မတ်လတန်းခွဲသစ်များအားတက်ရောက်ခွင့် 100% free coupon တစ်စောင်နှင့် 50% off coupon တစ်စောင်အားကံစမ်းမဲဖောက်ပေးခဲ့ပါတယ်။

❇️ Scholarship နဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေကို ဘယ်မှာရှာဖွေရမလဲ
❇️ Scholarship အတွက် ဘယ်လိုပြင်ဆင်ရမလဲ
❇️ Scholarship ရဖို့အတွက် ဘာအရည်အချင်းတွေလိုမလဲ
❇️ နိုင်ငံခြားမှာကျောင်းတက်ဖို့အတွက် ဘယ်လို အဆင်သင့်ဖြစ်အောင်လုပ်မလဲ

ဟောပြောဆွေးနွေးခဲ့သူများကတော့

U Aung Ko Zaw
ဆရာဦးအာင်ကိုဇော်ဟာ Everest Language Academy ကို တည်ထောင်သူဖြစ်ပြီးတော့ ၂၀၁၄ မှာ Fulbright Scholarship ကိုရရှိထားသူဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ Washington, D.C. မှာရှိတဲ့ American University ကနေပြီးတော့ MA TESOL မာစတာဘွဲ့ကို ရရှိထားသူပါ။ American University နဲ့ Washington English Center တို့မှာ English Course များ သင်ကြားပြသခဲ့ပါတယ်။

U Zaw Myat Lin
ဦးဇော်မြတ်လင်းကတော့ ၂၀၁၁ မှာ Fulbright scholarship ကို ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ နယူးအော်လန်မှာရှိတဲ့ Tulane University ကနေ နိင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ်နဲ့ မာစတာဘွဲ့ယူထားတာပါ။ လက်ရှိကတော့ British Council မှာ Program Coordinator ပါ။ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ ပါဝင်ဖူးပြီး နိုင်ငံတကာ အတွေအကြုံအများကြီးရှိတဲ့သူပါ။

Ms. Yulia Boyko
Julia Boyko ကတော့ ရုရှားသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ UN Gender Advocacy and Coordination Analyst ဖြစ်ပါတယ်။ American Certer မှာ အင်္ဂလိပ်စာနည်းပြအဖြစ် လုပ်ကိုင်ဖူးပါတယ်။ ရုရှားနိုင်ငံ Voronezh State University ကနေ Modern and Contemporary History ဘာသာရပ်နဲ့ မာစတာဘွဲ့ ရယူထားသူပါ။ Maynooth မှာရှိတဲ့ National University of Ireland မှာ Political Institutions and Civil Society ကိုလေ့လာပြီ့း သူမရဲ့နိင်ငံခြားကျောင်းသူဘ၀ကို ပြီးစီးခဲ့ပါတယ်။